Pages

Pages

အောင်လံမြို့နယ်၌ ၁၃၈၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ



MNP ၊ မတ် ၂၉

မကွေးတိုင်းဒေကြီး၊ အောင်လံခရိုင် အောင်လံမြို့နယ်၌ ၁၃၈၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့မွန်းလွဲ ၁၂ နာရီက စမ်းချောင်းရပ်ကွက် အ.ထ.က (၁) ရွှေရတုခန်းမတွင် ပထမကြီးတန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်းတို့ ဖြေဆိုခဲ့ကြသည်။


အဆိုပါ စာမေးပွဲတွင် ပထမကြီးတန်း နွေမာတိကာဘာသာရပ်အား စာရင်းရှိ ရဟန်း(၁၄)ပါးနှင့် သီလရှင်(၂)ပါး စုစုပေါင်း (၁၆) ပါးရှိပြီး ပျက်ကွက်(၄)ပါး၊ ပထမကြီးတန်းတွင် နွေမာတိကာ+ဓမ္မပဒဘာသာရပ်အား စာရင်းရှိ (၃)ပါး၊ ဖြေဆို(၁)ပါး၊ ပျက်ကွက်(၂)ပါး၊ ပထမငယ်တန်းတွင် ဘိက္ခုပါတိမောက်+ဓမ္မပဒဘာသာရပ်တွင် စာရင်းရှိ (၄၇)ပါး ဖြေဆို(၃၇)ပါး၊ ပျက်ကွက်(၁၀)ပါး၊ အခြေပြုမူလတန်းတွင် ဝိနည်းကျင့်ဝတ်(သုကုမဂရမဂ္ဂဒီပနီ) ဘာသာရပ်အား စာရင်းရှိ (၁၁၂)ပါး၊ ဖြေဆို(၃၈)ပါး၊ ပျက်ကွက်(၂၄)ပါးတို့ဖြစ်ပြီး စာမေးပွဲကာလမှာ မတ်လ(၂၈)ရက်နေ့မှ ဧပြီလ (၃)ရက်နေ့ထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။


မျိုးသိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment