Pages

Pages

ပေါင်မြို့နယ်တွင် အသက်(၂)နှစ်​အောက် က​လေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး





MNP   -   မတ်      ၂

မွန်ပြည်နယ် သထုံမြိုင်ခရိုင်၊ ပေါင်မြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက် ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှ အသက်(၂) အောက် ကလေးငယ်များနှင့် ကိုယ်ဝန်​ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် ပိုင်းက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာဆေးပေးခန်းများ၌ ဆောင်ရွက်ခဲ့ကြသည်။


      အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ကျန်းမာ‌ ရေးဦးစီးဌာနမှ တာဝန်ကျဆရာမများက မွေးစမှ အသက်(၂)နှစ်‌  အောက်ကလေးငယ်များအား   ဆုံဆို့နာ၊ ကြက်ညာ၊ ချောင်းဆိုး၊ မေးခိုင်ရောဂါ၊    အသည်းရောင် အသားဝါဘီရောဂါနှင့် ဦးနှောက် အမြှေးရောင်ရောဂါ၊ ပိုလီယို ရောဂါများကို ကာကွယ်နိုင်ရန်အတွက်   ကာကွယ်ဆေးထိုးနှံခြင်း/  တိုက်ကျွေးခြင်းတို့ ကို ​ရပ်ကွက်/​ကျေးရွာ များအလိုက်ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment