MNP ၊ မတ် ၂၁
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီအခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့ နေ့လည်(၁)နာရီက တာချီလိတ်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးမှ ကျောင်းသား/သူ၊ လူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ကြစေရန်နှင့် အခြေခံကွန်ပျူတာပညာရပ်များ သိရှိနားလည်အသုံးပြုတတ်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် သင်တန်းနည်းပြ ဦးကျော်ဇေယျာလင်းမှ သင်တန်းသား/သူများအား သင်တန်းစည်းကမ်းနှင့် သင်တန်းချိန်များကို အလေးထားလိုက်နာ၍ စိတ်ဝင်တစားသင်ယူကြရန်ပြောကြားပြီး၊ အဆိုပါသင်တန်းတွင် ကွန်ပျူတာအခြေခံစာစီစာရိုက်၊ Word၊ Excel၊ Power point၊ Photo Shortစသည့် အခြေခံကွန်ပျူတာပညာရပ်များအား နေ့လည် ၁ နာရီမှ မွန်းလွဲ ၃ နာရီထိ၊ သင်တန်းကာလ (၂၀-၃-၂၀၂၃) ရက်မှ (၇-၄-၂၀၂၃)ရက်နေ့ထိသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးလတ်
https://t.me/MyanmarNationalPost


No comments:
Post a Comment