သိန္နီမြို့တွင် ၂၀၂၂−၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့အားဆက်လက်ဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

သိန္နီမြို့တွင် ၂၀၂၂−၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့အားဆက်လက်ဖြေဆို



MNP ၊ မတ်  ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ၂၀၂၂−၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲပဉ္စမနေ့၌ ရူပဗေဒဘာသာရပ်အား အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတစ်ခုတည်း၌ ကျင်းပရာ ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ အေးချမ်းတည်ငြိမ်စွာ ဖြေဆိုလျက်ရှိသည်။


တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများ ဘေးကင်းလုံခြုံ စိတ်ချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်ပညာရေးမှူးနှင့်ဆရာ၊ ဆရာမများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေ ခံတပ်နယ် မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီ ကြီးကြပ်၍ဆောင်ရွက်ပေးခဲ့ ကြသည်။


သိန္နီမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူ အတွင်းဖြေ ဆိုသူ(၃၉)ဦး ပြင်ပဖြေဆိုသူ(၅၄)ဦး စုစုပေါင်း (၉၃)ဦး စာရင်းရှိရာ ယနေ့လာရောက်ဖြေဆိုသူ အတွင်းဖြေဆို သူ(၃၄)ဦး၊ ပြင်ပဖြေဆိုသူ (၃၉)ဦး စုစုပေါင်းဖြေဆိုသူ (၇၃)ဦးရှိပြီး (၈၃.၉၁) ရာခိုင်နှုန်းလာရောက် ဖြေဆို ကြောင်းမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)