မိုးနဲမြို့နယ်၌ ဖရုံသီးဈေးကောင်းရ၍ ထပ်မံစိုက်ပျိုးလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးနဲမြို့နယ်၌ ဖရုံသီးဈေးကောင်းရ၍ ထပ်မံစိုက်ပျိုးလာ







MNP ၊ မတ်  ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နာဟောင်ရပ်ကွက်နေ တောင်သူဦးမြင့်ဦး၏ ယာခင်း၌ ဖရုံသီးဈေးကောင်းရရှိနေသဖြင့် ဖရုံပင်များ စတင်စိုက်ပျိုးထားကြောင်း သိရသည်။


ဖရုံပင်များ စတင်စိုက်ပျိုးရာတွင် တွင်းတူး၍ အစေ့ချစိုက်ပျိုးထားကြောင်း၊ အပတ်စဉ် ရေလောင်းပေါင်းသင်ပေးကြောင်း၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြစ်သည့်အတွက် အပင် ၄၀ ခန့်သာစိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးပြီး ၁ ပတ်ကြာချိန်တွင် ပုလဲမြေဩဇာထည့်သွင်း အသုံးပြုပေးသွားမည်ဖြစ်ကြောင်း၊ ယာခင်းအတွင်း သခွား၊ ငရုတ်၊ ဂေါ်ဖီထုပ်၊ ကြက်သွန်ဖြူတို့ကိုပါ စိုက်ပျိုးထားကြောင်း၊ ရေလုံလောက်စွာရရှိသဖြင့် ယာခင်းအတွင်းစိုက်ပျိုးသမျှ အပင်ကြီးထွားနူန်းကောင်းကြောင်း၊ မြို့မဈေးကြီးတွင် ဖရုံသီးအသေးတစ်လုံးလျှင် ကျပ်(၁၀၀၀)ပေါက်ဈေးရှိကြောင်း၊ မိမိယာခင်းအတွင်း ဖရုံပင်များ‌မှ ဖရုံသီးများ ခူးဆွတ်ရောင်းချရသည့်အခါတွင်လည်း ဈေးကောင်းရရှိရန် မျှော်လင့်ကြောင်း တောင်သူ ဦးမြင့်ဦးထံမှ သိရသည်။


ဇင်ကိုကို

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)