Pages

Pages

ဖောင်းကြွနံပါတ်ပြားပုံစံ အသစ်ပြောင်းလဲတပ်ဆင်ရန်ကျန်ရှိသည့် မော်တော်ယာဉ်များ လာရောက်လဲလှယ်နိုင်ရေး နေပြည်တော်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အသိပေးနှိုးဆော်



MNP ၊ မတ် ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မော်တော်ယာဉ်များအား သတ်မှတ်ကာလအတွင်း ဖောင်းကြွနံပါတ်ပြားပုံစံအသစ်များ ရာနှုန်းပြည့်ပြောင်းလဲတပ်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ကျန်ရှိသည့်မော်တော်ယာဉ် ၁၁၈၂၄ စီး လာရောက်လဲလှယ်နိုင်ရေး နေပြည်တော်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးနှိုးဆော်လျက်ရှိသည်။


ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဖောင်းကြွနံပါတ်ပြားပုံစံအသစ်များလဲလှယ်မှုအနေဖြင့် ဌာနဆိုင်ရာယာဉ် ၁၇၃၈၁စီးနှင့် နှင့် ပုဂ္ဂလိကယာဉ် ၂၂၈၈၀စီး စုစုပေါင်း ၄၀၂၆၁ စီးရှိသည့်အနက်  ဖောင်းကြွနံပါတ်ပြားပုံစံအသစ်ပြောင်းလဲတပ်ဆင်ပြီးစီးသည့် ဌာနဆိုင်ရာယာဉ် ၁၅၀၈၅ စီးနှင့် ပုဂ္ဂလိကယာဉ် ၁၃၃၅၂ စီး စုစုပေါင်း  ၂၈၄၃၇စီး ရှိကာကျန်ရှိသည့် ဌာနဆိုင်ရာယာဉ် ၂၂၉၆ စီးနှင့်  ပုဂ္ဂလိကယာဉ် ၉၅၂၈ စီး စုစုပေါင်း ၁၁၈၂၄ စီးရှိပြီး ကျန်ရှိနေသေးသည့် မော်တော်ယာဉ်များအနေဖြင့် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးသို့ သွားရောက်လဲလှယ်နိုင်ကြောင်း သိရသည်။


နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဖောင်းကြွနံပါတ်ပြား ပုံစံအသစ်များ အမြန်ပြောင်းလဲတပ်ဆင်ခြင်းကို ပြည်သူများသိရှိစေရေးအတွက် ဈေးများ၊ ဆီဆိုင်များ၊ ဈေးဝယ်စင်တာများ၊ ယာယီရပ်နားစခန်းများနှင့် ရန်ကုန်-မန္တလေးအမြန်လမ်း နေပြည်တော်တိုးဂိတ်များတွင် အသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


အောင်ကို

 https://t.me/MyanmarNationalPost




No comments:

Post a Comment