မဟာအောင်မြေမြို့နယ်အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ အခြေခံပန်းချီ ရေး ဆွဲနည်းသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မဟာအောင်မြေမြို့နယ်အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ အခြေခံပန်းချီ ရေး ဆွဲနည်းသင်တန်းဖွင့်လှစ်



MNP ၊ မတ် ၃၀

မဟာအောင်မြေမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျောင်းသား၊ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလများတွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အကူဖြစ်စေရန်၊ စဉ်စားတွေးခေါ်မှုပိုမိုကောင်းမွန်လာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍  အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။


အဆိုပါအခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို သင်တန်းနည်းပြ (၉) ဦးနှင့် ဆရာမကြီးဒေါ်ခင်စိုးညွှန်းကဦးဆောင်၍ အခြေခံမျဉ်းရေးဆွဲနည်း၊ အရောင်အမျိုးမျိုးအကြောင်း၊ အရောင်စပ်နည်း၊ မျဉ်း ဖြောင့်၊ မျဉ်းကွေးအသုံးပြုပြီး ပန်းပွင့်ပုံဖော်ခြင်း၊ စကေးအသုံးပြု၍ အဆောက်အဦးရေးဆွဲခြင်း၊ အ‌ဝေးရှုခင်း၊ အနီးရှုခင်းကို နားလည်အောင်သင်ကြားပေးခြင်း၊ အလင်းအမှောင်၊ အရောင်အကြောင်း၊ ရှုခင်းရေးနည်း၊ စကေးချပုံတူရေးနည်း၊ သရုပ်ဖော်ဒီဇိုင်းရေးဆွဲနည်း၊ ပန်းချီရေးဆွဲရာတွင်သိရှိရမည့်အချက်များ စသည့်အခြေခံပန်းချီရေးဆွဲနည်းကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကိုမတ်လ (၂၈) ရက်နေ့မှစတင်၍ ဧပြီ (၆) ရက်နေ့အထိ (၁၀) ရက်တာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကာ သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ(၂၅)ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)