MNP - မတ် ၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူး ဦးတင်ကိုဝင်းသည် သံတွဲခရိုင်ရုံးမှ ဦးသန့်ဇင်(ဓာတ်ပုံကျွမ်းကျင်-၂) လိုက်ပါလျက် မအီမြို့၊ လူထုအခြေပြုဗဟိုဌာန၊ စာကြည့်တိုက်ခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းက ရုံးဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (၃၂)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှ ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်မှာကြားပြီး ရုံးလုပ်ငန်း များအောင်မြင်ရေး ရုံးစာရေးသားနည်းများကို စနစ်တကျ မှန်ကန်မှုရှိစေရေးအတွက် အလေးထား ဂရုပြုဆောင်ရွက်စေလိုကြောင်း၊ ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေးဆိုင်ရာများ ၊ မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ ၊ သတင်းရေးသားထုတ်ပြန်မှုကို အလေးထား ဆောင်ရွက်ပြီး ဗွီဒီယိုသတင်းများကို ယခင်ကထက်ပိုမို တိုးတက်အောင် ရိုက်ကူးပေးပို့နိုင်ရေး ၊ ဝန်ထမ်းများအားလုံး မီဒီယာသမားကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားဆောင်ရွက်ကြရေး တို့ကို လမ်းညွှန်မှာကြားခဲ့ပြီး မအီမြို့ရုံး ဦးစီးမှူး ဦးသက်နောင်ထွန်းနှင့် ဝန်ထမ်းများက လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးတင်ပြရာ ပြည်နယ်ညွှန်ကြားရေးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။
ထို့နောက် မအီမြို့ရုံး စာကြည့်တိုက်ရှိ စာအုပ်များအထားအသို၊ ကလေးစာဖတ်ခန်းနှင့် ပြတိုက်ငယ်(Museum) အခင်းအကျင်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရုံးဥပဓိရုပ်နှင့် ရုံးပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့ကို မှာကြားခဲ့သည်။
မောင်မောင်ဌေး
https://t.me/MyanmarNationalPost






No comments:
Post a Comment