Pages

Pages

လိပ်သိုတွင် သောက်ရေခပ်ချောင်းကူးသံကူကွန်ကရစ်တံတားသစ် ရာနှုန်းပြည့်တည်ဆောက် ပြီးစီးပြီဖြစ်၍ ကုန်စည်စီးဆင်းမှု ပိုမိုအဆင် ပြေ




MNP ၊ မတ် ၃၁

တောင်ငူ-လိပ်သို-လွိုင်ကော်-ဟိုပုန်း ပြည်ထောင်စုလမ်း NH(21) ကရင်ပြည်နယ် အပိုင်းပေါ်ရှိသောက်ရေခပ်ချောင်းကူး သံကူကွန်ကရစ်တံတားသစ်အား လိပ်သိုမြို့ လမ်းဦးစီးဌာနမှရာနှုန်းပြည့် တည်ဆောက်ပြီးစီးသွားပြီဖြစ်၍ပြည်သူများ၊ မော်တော်ယာဉ်များသွားလာ အသုံးပြုလျက်ရှိနေပြီး ဒေသထွက်သီးနှံကုန်စည်များ သယ်ယူပို့ ဆောင်ရောင်းဝယ်မှုများ ယခင်ကထက် ပိုမိုလျှင်မြန်အဆင်ပြေလျက်ရှိကြောင်းသိရသည်။


အဆိုပါ တံတားမှာ လိပ်သိုဒေသ သောက်ရေခပ်ကျေးရွာ ရွာလယ်ခေါင်မှဖြတ်၍စီးဆင်းနေသော သောက်ရေခပ်ချောင်းပေါ်တွင် တည် ဆောက်ထားပြီး ယခင်က သံဘောင်ဘေလီတံတားအစား သံကူကွန်ကရစ်တံတားသစ်ဖြင့် အစားထိုးတည် ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။


လိပ်သိုမြို့လမ်းဦးစီးဌာနသည် ပြည်ထောင်စုလမ်းပေါ်ရှိ သံဘောင်ဘေလီတံတားဟောင်းများအစား သံကူကွန်ကရစ်တံတားသစ်များဖြင့် နှစ်စဉ်အစားထိုးတည်ဆောက်ပေးလျက်ရှိရာ ယခုတည်ဆောက်ပြီးစီးသွားသောတံတားမှာ အရှည် (၈၀) ပေ၊ အကျယ် (၃၀) ပေ ရှိကာ အရှည်ဆုံး တံတားဖြစ်ပြီး အသုံးပြုလျက်ရှိသူ ဒေသခံပြည်သူများ အဆင်ပြေဝမ်းသာပီတိဖြစ်လျက်ရှိကြောင်း သိရသည်။


ခင်လေးနွယ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment