Pages

Pages

ညောင်ရွှေမြို့၌ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပ




MNP ၊ မတ် ၂၉

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပသည့် ၂၀၂၃-ခုနှစ် (၁၃၈၄-ခု) အစိုးရဓမ္မာစရိယစာမေးပွဲ သတ္တမမြောက်ရက်နှင့် ပါဠိပထမပြန်စာမေးပွဲ ပထမရက် ဖြေဆိုခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့ ရွှေရတုဆွမ်းစားကျောင်း၌ ယမန်နေ့ နေ့လည် ၁၂ နာရီက စတင်ကျင်းပဖြေဆိုရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်း တက်ရောက်ဖူးမျှော် ကြည်ညိုခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ညောင်ရွှေမြို့နယ် ပါဠိပထမပြန်စာမေးပွဲ ကျင်းပရေးနာယက၊ မိုင်းသောက်ပထမ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တသုမင်္ဂလာဘိဝံသက စာပွဲတော်ဆိုင်ရာ ဩဝါဒကထာ မြွက်ကြားပြီး မြို့မလှိုင်ကြူပရိယတ္တိစာသင်တိုက် နာယကဆရာတော် ဘဒ္ဒန္တဣန္ဒက က စာမေးပွဲဖြေဆိုရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို မိန့်ကြားခဲ့သည်။


ထို့နောက် ကြီးကြပ်ရေးဆရာတော်များက အတန်းစဉ်အလိုက် မေးခွန်းပုစ္ဆာများကို ဝေငှပေးခဲ့ ကြကြောင်းနှင့် အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲသို့ ဓမ္မာစရိယ (မြန်မာ ဂုဏ်ထူးတန်း)တွင် သံဃာတော်(၅)ပါး သီလရှင်ဆရာလေး(၁)ပါး လူပုဂ္ဂိုလ်(၁)ဦး၊ ပထမကြီးတန်း တွင်(၃၆)ပါး၊ ပထမလတ်တန်းတွင် (၆၈)ပါး၊ ပထမငယ်တန်းတွင် (၁၂၀)ပါး၊ အခြေပြုမူလတန်းတွင် (၂၀၃)ပါး၊ စုစုပေါင်း စာဖြေသံဃာတော်နှင့် သီလရှင်(၄၃၄)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း၊ စာမေးပွဲ ကျင်းပမည့်ကာလမှာ ဧပြီလ(၃)ရက်နေ့အထိဖြစ်ကြောင်း၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဆရာတော်များနှင့် စာဖြေသံဃာတော်များ၊ စာပွဲတော်ဆိုင်ရာ လူပုဂ္ဂိုလ်များအား မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။


စိုင်းအယ်ဘဲ

 https://t.me/MyanmarNationalPost












No comments:

Post a Comment