Pages

Pages

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နွေရာသီအခြေခံပန်းချီ၊ ပိုစတာရေးဆွဲနည်း သင်တန်းအမှတ်စဥ် (၁/၂၀၂၃)ဖွင့်ပွဲကျင်းပ



MNP ၊ မတ်  ၂၂

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မုံရွာခရိုင်  ပညာရေးမှူးရုံးတို့ ပူးပေါင်း ပြီ  ကလေးများ ကာယဥာဏ ဘက်စုံဖွံ့ဖြိုးတိုးစေရေးအတွက် ရည်ရွယ်၍  နွေရာသီအခြေခံပန်းချီ၊ ပိုစတာရေးဆွဲနည်း သင်တန်း အမှတ်စဥ် (၁/၂၀၂၃) ဖွင့်ပွဲကို ယနေ့ နံနက် (၁၀)နာရီက မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍  တက်ရောက်လာသော သင်တန်းသား၊ ကျောင်းသား၊ ကျောင်းသူလေးများ အနေဖြင့် ပန်းချီ၊ ပိုစတာရေးဆွဲနည်းများကို အခြေခံမှ စတင်၍ စနစ်တကျ ရေးဆွဲနိုင်ရေးအတွက် သင်တန်းနည်းပြဆရာ ဟန်ကောင်းမွန်၏ သင်ကြားမှုများကို အထူးအလေးထား သင်ကြားသင်ယူစေပြီး လက်ဆင့်ကမ်းမျှဝေပေးနိုင်အောင် ကြိုးစားပေးကြစေကြောင်းနှင့်  ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများကိုလည်း ပါဝင်ယှဥ်ပြိုင်ကြရန် တိုက်တွန်းပြောကြားခဲ့ သည်။


ဆက်လက်ပြီး ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညွန့်ဝင်းက နွေရာသီအခြေခံပန်းချီ၊ ပိုစတာ သင်တန်း တက်ရောက်ရခြင်း၏ အကျိုးကျေးဇူးများကို ကလေးငယ်များ အား ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ သင်တန်းသို့  အခြေခံပညာ မူလတန်း၊ အလယ်တန်းတို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၀)ဦးအား မတ်လ ၂၂ ရက်မှ မတ်လ (၃၁)ရက်နေ့အထိ သင်တန်းကာလ (၁၀)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ် ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment