MNP ၊ မတ် ၂၁
ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၊ သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပပြုလုပ်သော ဓမ္မာစရိယ စာမေးပွဲကို ပထမနေ့အဖြစ် ဖောင်တော်ဦးစေတီတော်ရှိ မဟာဝိဇယဓမ္မာရုံ၌ ယနေ့မွန်းလွဲ(၁)နာရီ အချိန်မှညနေ(၄)နာရီ အထိ ကျင်းပလျက်ရှိကြောင်းသိရသည်။
ဓမ္မာစရိယစာမေးပွဲ ပထမနေ့ တွင်ပါရာဇိကကဏ္ဍပါဠိအဌကထာ ဘာသာရပ်ဖြေဆိုရန် စာရင်းရှိ သံဃာ(၄၉)ပါးရှိသည့်အနက်(၄၂)ပါးဖြေဆိုခဲ့ပြီး ပျက်ကွက်(၇)ပါးရှိကြောင်း မြို့နယ်သံဃနာယကအဖွဲ့ ၊ ဥက္ကဌ ဆရာတော်ထံမှသိရသည်။
သံဃာတော်များစာမေးပွဲဖြေဆိုရာတွင် အဆင်ပြေစေရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုးနှင့် အဖွဲ့ဝင်များ၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်အလှူရှင်များက နေ့စဉ်ဆွမ်းဘောဇဉ်အဟာရများလှူဒါန်းလျက်ရှိကြောင်းသိရှိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment