MNP ၊ မတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် (ဖလား) မြို့နယ်ပေါင်းစုံ တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ပွဲကို ယမန်နေ့ ညနေပိုင်းက ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ တင်းနစ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တင်းနစ်ပြိုင်ပွဲတွင် အလွတ်တန်းနှင့် အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး အသင်းများ မြို့နယ်(၇)မြို့နယ်မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ အလွတ်တန်းပြိုင်ပွဲတွင် မုံရွာအသင်းမှ ပထမဆု၊ စစ်ကိုင်း အသင်းမှ ဒုတိယဆု၊ ရွှေဘိုအသင်းနှင့် ဗန်းမောက်အသင်းတို့က ပူးတွဲတတိယဆုများရရှိခဲ့ကြပြီး အသက်(၂၅)နှစ်အောက် အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် မုံရွာအသင်းမှ ပထမဆု၊ စစ်ကိုင်းအသင်းမှ ဒုတိယဆု၊ ရွှေဘိုအသင်းမှ တတိယဆု၊ အသင်(၂၅)နှစ်အောက် အမျိုးသမီး အသင်းလိုက် ပြိုင်ပွဲတွင် စစ်ကိုင်းအသင်းမှ ပထမဆု၊ မုံရွာအသင်းမှ ဒုတိယဆု၊ ရွှေဘိုအသင်းမှ တတိယဆုများ အသီးသီး ရရှိ ခဲ့ကြသည်။
အဆိုပါ ဆုများရရှိခဲ့ကြသည့် အားကစားသမားများအား စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်၊ ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးအေးကိုကိုနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ဆုများ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်
https://t.me/MyanmarNationalPost

No comments:
Post a Comment