Pages

Pages

ဖြူးမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆို


MNP ၊ မတ် ၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၃ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်လ(၂၈)ရက်နေ့၊ မွန်းတည့်(၁၂)နာရီအချိန်က သာသနာ့ဗိမ္မာန်တွင် ဖြေဆိုခဲ့ကြောင်း သိရသည်။


အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် ဖြူးမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ကြီးဦးဆောင်၍ ပထမရက်အနေဖြင့်  ကျင်းပပြုလုပ် ရာတွင်စာဖြေသံဃာ၊ သီလရှင်ပထမကြီးစာရင်းရှိ (၁၈)ပါး၊ဖြေဆို(၁၈)ပါး၊ ပထမလတ်စာရင်းရှိ(၁၇)ပါး၊ ဖြေဆို(၁၄)ပါး၊ ပထမငယ်စာရင်းရှိ(၂၉)ပါး၊ ဖြေဆို(၂၉)ပါး၊ အခြေပြုမူလတန်းစာရင်းရှိ(၂၇)ပါး၊ ဖြေဆို(၂၄)ပါး စုစုပေါင်းစာဖြေသံဃာ၊ သီလရှင် (၈၅)ပါး ဖြေဆိုခဲ့ကြောင်းနှင့် (၃-၄-၂၀၂၃)ရက်နေ့ထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။


နေမျိုးလွင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment