Pages

Pages

ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ့နှင့် မွန်မြတ်စေတနာကုသိုလ်ပြုလူငယ်အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲပြုလုပ်


MNP ၊ မတ် ၂၈

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ကြက်ခြေနီအသင်းခွဲနှင့်မွန်မြတ် စေတနာကုသိုလ်ပြုလူငယ်အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပပြုလုပ်သည်။


သင်တန်းဆင်းပွဲတွင် ဘီးလင်းမြို့နယ် လက်ထောက်ပညာရေးမှူး ဦးခင်စိုးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။ ထို့​နောက် သင်တန်းတွင် ဆုရရှိသူများအား ဆုချီး​မြှင့်ခြင်းနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပွဲကိုကျင်းပပြုလုပ်ရာ ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးမြဦး၊ မြို့နယ်အတွင်းရေးမှူး ဦးငွေဝင်းနှင့် တာဝန်ရှိသူ အသီးသီးတို့က ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးက သင်တန်းဆင်းလက်မှတ်များကို လက်ခံရယူခဲ့ကြောင်း သိရသည်။


အဆိုပါ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၃၂) ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ သုံးရက်ကြာမြင့်ခဲ့ကြောင်း သတင်းရရှိသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment