နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမတွင် လူငယ်ရေးရာဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမတွင် လူငယ်ရေးရာဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်းကျင်းပ



MNP ၊ မတ်  ၂၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၁၁)နာရီအချိန်က လူငယ်ရေးရာဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်များအားအနေဖြင့် ဖုန်း၊ အင်တာနက်နှင့် အချိန်ဖြုန်းခြင်းသည် ခေတ်နှင့်အအညီပေါ်ပေါက်လာသော စက်ပစ္စည်းတစ်ခုဖြစ်၍ ဘဝတိုးတက်ရေး၊ အောင်မြင်ရေးများရရှိရန် သတင်းအချက်အလက်များ၊ ဗဟုသုတများများစွာ ပါဝင်သော်လည်း  ၎င်းအချက်များအစား အတင်းအဖျင်းသတင်းများ၊ ရန်လိုဒေါသဖြစ်မှုများကို ဖော်ပြထားသော စာသားများကိုစိတ်ဝင်တစားကြည့်ရှုခြင်း၊ ဝေဖန်ခြင်း၊ ဆဲဆိုခြင်းစသည်များကို မပြုလုပ်ကြဘဲ ခေတ်မီစက်ပစ္စည်းများကို အကျိုးရှိစွာအသုံးပြုပြီး ဘဝတိုးတက်ရေးအတွက် ကြိုးစားစေချင်ပါကြောင်းနှင့် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် တိုးတက်သောနိုင်ငံကြီးများကို လေ့လာကြည့်လျှင် နိုင်ငံသားများ၏ တူညီမှုငါးရပ်ဖြစ်သည့် စည်းကမ်းလိုက်နာမှု၊ ကြိုးစားမှု၊ အားထုတ်မှု၊ အဂတိတရားကင်းရှင်းမှု၊ မိမိနိုင်ငံတိုးတက်ရေးအတွက် ပေးဆပ်ဆောင်ရွက်ပေးလိုမှု၊ မိမိနိုင်ငံအတွက် ဂုဏ်ယူမှုစသည့်အချက်များဖြင့် ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်မည့် လူငယ်လေးများအနေဖြင့် ကြိုးစားဆောင်ရွက်စေချင်ပါကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့သည်။


ဆက်လက်၍ စာရေးဆရာအောင်သင်းရေးသားသော “နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ” စာအုပ်ဖြင့် စာဖတ်၀ိုင်းကျင်းပရာ ဒေါ်သင်းသင်းဝေ (ဒုတိယဦးစီးမှူး)က “ ပညာနှင့် စာမေးပွဲမှာ အနေအထားမှားသလို စာတတ်တာနှင့် စာဖတ်တာသည်လည်း ထိုနည်းတူပင်ဖြစ်ပါကြောင်း၊  စာဖတ်ဖို့စာသင်ပြီး စာမဖတ်သည့်အခါ ထွန်ယက်ပြီး မစိုက်ပျိုးသောမြေကဲ့သို့ ဘာအသီးအပွင့်မျှ ထွက်လာမည်မဟုတ်ပါကြောင်း၊ ဒါကြောင့် စာတတ်ပြီးသော လူငယ်လူရွယ်လေးများအနေဖြင့် ဗဟုသုတဖြစ်ဖွယ်စာပေများကို ဖတ်ရှုလေ့လာစေချင်ပါကြောင်း” စသည်တို့ကို ဆွေးနွေးခဲ့ရာ စာပေဝါသနာပါ သူတစ်ဦးမှ “လူငယ်နဲ့ရည်မှန်းချက်” အကြောင်းအရာအား ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။


မူမူစန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)