Pages

Pages

ကျွန်းလှမြို့နယ်၌ နွေရာသီအခြေခံအားကစား သင်တန်းဖွင့်လှစ်မည်


MNP   -   မတ်   ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးပြီး လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ နွေရာသီ အခြေခံအားကစားနည်းငါးမျိုး အခမဲ့သင်တန်းဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။


နွေရာသီအခြေခံအားနည်းသင်တန်းတွင် ဘောလုံး၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ အေရိုးဗစ်၊ Myanmar Fitness Dance အားနည်းများကို ရွှေကျွန်းမြေဘောလုံးကွင်းနှင့် မိုးလုံလေလုံအားကစားခန်းမတို့၌ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ အားကစားသင်တန်းသို့ မည်သူမဆို တက်ရောက်နိုင်ပြီး သင်တန်းကာလမှာ မတ် ၅ ရက်မှ ၂၀ ရက်နေ့အထိ သက်ဆိုင်ရာ အားကစားနည်းပြဆရာများက စနစ်တကျ သင်ကြားပို့ချမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဒေါ်နွယ်နွယ်ထွန်းထံမှ သိရသည်။


မျိုးဝင်းညို 

 https://t.me/MyanmarNationalPost




No comments:

Post a Comment