ကျောက်ဆည်မြို့နယ်တွင် ခရိုင်အဆင့် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် ခရိုင်အဆင့် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ ကျင်းပ



MNP ၊ မတ်  ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အခြေခံပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံအတွက်အရေးကြီးသော လူသားအရင်းအမြစ်များ အစွမ်းကုန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သင်ကြားမှုသင်ယူမှုလုပ်ငန်းစဉ်နှင့် ဆရာ၊ဆရာမများ ကျောင်းသား၊ကျောင်းသူများ၏ အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မတ်(၂၁)ရက် နံနက်(၉)နာရီက အမှတ်(၁) အခြေပညာအထက်တန်းကျောင်းတွင် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲတွင် ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦး မြို့နယ်များမှ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ဆရာ၊ဆရာမများ တတ်ရောက်ခဲ့ကြကြောင်းနှင့် ဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးရာတွင် ထိရောက် အောင်မြင်စေရေး သက်ဆိုင်ရာဘာသာရပ်အလိုက် စုပေါင်းဆွေးနွေးခဲ့ကြပြီး အထက်တန်းအဆင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝ၊ ပထဝီ၊ သမိုင်း၊ ဘောဂဘာသာရပ်များတွင် ဦးဆောင်ဆွေး‌နွေးသူ(၃၆)ဦးနှင့် ပါဝင်ဆွေးနွေးသူ(၅၅၅)ဦး ဆွေးနွေးခဲ့ကြပြီး၊ အလယ်တန်းအဆင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံ ဘာသာရပ်များတွင် ဦးဆောင် ဆွေးနွေးသူ (၃၉)ဦးနှင့် ပါဝင်ဆွေးနွေးသူ (၁၀၆၁)ဦး ပါဝင်ဆွေးနွေးခဲ့ကြောင်းနှင့် ဘာသာရပ်ဆွေးနွေးပွဲကို မတ်လ(၂၁) ရက်မှ (၂၄)ရက်နေ့အထိ (၄)ရက်အကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း  သိရသည်။


ကျောက်ဆည်မြို့နယ်တွင် ခရိုင်အဆင့်ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲများ ပြုလုပ်ခြင်းဖြင့်  ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ တံတားဦး မြို့နယ်များ၌ အခြေခံပညာ သင်ကြားသင်ယူနေကြသည့် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် သင်ယူတတ်မြောက်မှုစွမ်းရည် မြင့်မားလာခြင်း၊ ဘာသာရပ်သင်ခန်းစာများတွင် သိမှုနယ်ပယ်၊ ကျွမ်းကျင်မှုနယ်ပယ်၊ ခံစားမှု နယ်ပယ်အလိုက် ထိရောက်အောင်မြင်သော သင်ကြားသင်ယူမှုဖြစ်စေခြင်း၊ တတ်မြောက်မှုကို စစ်ဆေးတိုင်းတာရာတွင် မေးခွန်းကောင်းတို့၏ အင်္ဂါရပ်များနှင့်ကိုက်ညီပြီး တီထွင်ဖန်တီးနိုင်မှုစွမ်းရည်၊ တွေးခေါ်မျှော်မြင်မှုစွမ်းရည်များ ဖော်ပြသော စစ်ဆေးတိုင်းတာမှုဖြစ်စေခြင်း၊ အခြေခံပညာ အဆင့်အလိုက် အတန်းကူးပြောင်းနှုန်းမြင့်မားစေခြင်း စသည့်အကျိုးကျေးဇူများ ရရှိလာမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးမှ ပြောပြသည်။


သက်မောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)