MNP - မတ် ၃
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်ပညာသုခလမ်း၊စည်ပင်သာယာရေးရုံးအနောက်၌ မီးလောင်မှုဖြစ်ပွား၊ လူနေအိမ်တစ်လုံး(၄)လုံးမီးလောင်မှူဖြစ်မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ ရသေ့တောင်မြို့၊မီးသတ်စခန်းနှင့် ကုန်းလမ်း(၁)မိုင်ခန့်ဝေးသည့်အရှေ့မြောက်ရပ်ကွက်ပညာသုခလမ်း၊စည်ပင်သာယာရေးရုံးအနောက်၌ မီးလောင်မှုဖြစ်ပွား၊ လူနေအိမ်တစ်လုံး(၄)လုံး မီးလောင်မှုဖြစ်ပွားနေကြောင်း နံနက်(၂)နာရီ (၅၀)မိနစ်အချိန်က တာဝန်သိပြည်သူတစ်ဦးမှ သတင်းပေးပို့လာသဖြင့် ရသေ့တောင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးလူမော်ဦးဆောင် ၍ မီးငြှိမ်းသတ်ယာဉ်(၂)စီးနှင့်ရေသယ်ယာဉ်(၁)စီးသန္ဓေတပ်ဖွဲ့ဝင်(၂+၁၄)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅)ဦး၊ ပေါင်းတပ်ဖွဲ့ဝင်(၂၁)ဦးဖြင့်မီးလောင်ပြင်သို့ သွားရောက်ခဲ့ရာ မီးလောင်မှုအားရေဂါလန်း(၃၄၀၀)မီးငြှိမ်းသတ်ခဲ့ရာနံနက်(၃) နာရီ အချိန်တွင်မီးထိန်းပြီးနံနက်(၃)နာရီ(၁၀) မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းမှာ ဒေါ်ထွန်းသိန်းဖြူ အသက်(၃၈)နှစ်ခန့်(ဘ)ဦးအောင်သိန်းဦး နေအိမ်တွင် ခြင်ဆေးခွေထွန်းရာမှ အနီးရှိဝါးထရံအား မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ပြီး၊ မီးလောင်မှုကြောင့် လူနေအိမ်(၄)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီးစုစု ပေါင်းဆုံးရှူံးမှုတန်ဖိုး(၁၂၂၀၀၀၀)ကျပ်ခန့်ရီကြောင်း၊ လူ/တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်း၊ မီးဘေးသင့်ပြည်သူ (၂၆)ဦးမှာ နီးစပ်ရာဆွေမျိုးများ ထံတွင် ယာယီနေထိုင်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost




No comments:
Post a Comment