Pages

Pages

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ (ပထမနေ့) ကျင်းပ




MNP ၊ မတ် ၂၈

       ကျိုက်ထိုမြို့ယ်တွင်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာနမှ ပြုလုပ်သော အစိုးရ  ပါဌိပထမပြန်စာမေးပွဲကို မတ်(၂၈)ရက် နေ့လည် ၁၂ နာရီတွင်  မြို့နယ်သာသနာ့ဗိမ္မာန်‌  စာစစ်ဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။


    အဆိုပါ စာမေးပွဲတွင် ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာ၊ မဟာမရမ်းချိုကျောင်းတိုက် ဆရာတော် ဘဒ္ဓန္တ အာစာရ (နိုင်ငံတော်သံဃမဟာနယက အဖွဲ့)နှင့် ကျိုက်ထိုမြို့ မြောက်ပိုင်းရပ်ကွက်၊ သာယာကုန်းကျောင်းတိုက်ဆရာတော် ဘန္ဓန္တ ပညာသာမိ (မြို့နယ်သံဃနာယက ဉက္ကဌဆရာတော်) နှင့်ဆရာတော် (၁၀)ပါးတို့မှ ကြီးကြပ်၍ ဖြေဆိုစေခဲ့သည်။


    ပထမကြီးတန်းအား ဖြေဆိုရန်စာရင်းပေးသံဃာ(၈)ပါးအနက်ဖြေဆိုသည့်သံဃာ(၇)ပါးပျက်ကွက်(၁)ပါးပထမ လတ်ဖြေဆိုရန်စာရင်း‌ပေး သံဃာ (၄)ပါး အနက် ဖြေဆိုသံဃာ (၃)ပါး ပျက်ကွက် (၁)ပါး

ပထမငယ်စာမေးပွဲဖြေဆိုရန်စာရင်းပေးသံဃာ(၁၉) ပါး အနက်ဖြေဆို သံဃာ(၁၇)ပါးပျက်ကွက်(၂)ပါးရှိကြောင်းမြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment