မိတ္ထီလာတပ်နယ် အမှတ်(၁) တပ်မတော်ဆေးရုံ (ခုတင် ၅၀၀) နယ်လှည့်ဆေးကုသရေးအဖွဲ့က သာစည်မြို့နယ်ရှိ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာတပ်နယ် အမှတ်(၁) တပ်မတော်ဆေးရုံ (ခုတင် ၅၀၀) နယ်လှည့်ဆေးကုသရေးအဖွဲ့က သာစည်မြို့နယ်ရှိ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများဆောင်ရွက်


MNP   -   မတ်   ၂

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် လှိုင်းတက်ကျေးရွာ ညောင်ပင်သာဘုန်းတော်ကြီး ကျောင်း ရွှေဘုံသာဓမ္မာရုံ၌ မိတ္ထီလာတပ်နယ် အမှတ်(၁) တပ်မတော်ဆေးရုံ(ခုတင်-၅၀၀) နယ်လှည့်ဆေးကုသရေးအဖွဲ့က လှိုင်းတက်တိုက်နယ် အတွင်းရှိ ရဟန်းသံဃာများ၊ သီလရှင်များနှင့် ဒေသခံပြည်သူများကို ယမန်နေ့ နံနက် ၈ နာရီက အခမဲ့ဆေး ကုသပေး ခြင်းနှင့် ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အခမဲ့ဆေးကုသပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို အမှတ်(၁) တပ်မတော်ဆေးရုံ (ခုတင်-၅၀၀)မှ တပ်မှူး ဗိုလ်မှူးချုပ် ထွန်းထွန်းအောင်၏  ကြီးကြပ်မှုဖြင့်  နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ပါရဂူဆရာဝန်ကြီးများ၊ ဆေးမှူး၊ သူနာပြုအရာရှိများနှင့် အခြားအဆင့် များက  သွေးတိုး၊ ဆီးချို၊ အရိုးအကြော၊ ကိုယ်ဝန်ဆောင်၊ မီးယပ်၊ သွားနှင့်ခံတွင်း၊ မျက်စိ၊ ကလေးဖျားနာ၊ ခွဲစိတ်မှုဆိုင်ရာများ၊ ဖျားနာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ် သည့် လူနာများကို အခမဲ့ဆေးဝါးကုသမှုများ  ဆောင်ရွက်ပေးပြီး   ခေတ်မီစက်ကိရိယာများဖြင့်  ရောဂါရှာဖွေခြင်းများ၊  လိုအပ်သော စစ်ဆေးမှုများ  ဆောင်ရွက်ပေးကာ  အရေးပေါ်လိုအပ်သော   လူနာများအား တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသမှု ခံယူနိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  အဆိုပါ အခမဲ့ဆေးကုသပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ  ဆောင်ရွက် ပေးရာသို့  မိတ္ထီလာတပ်နယ်မှူး ဗိုလ်မှူးကြီး သန်းနိုင်စိုး၊  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးဟန်၊  သာစည်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးကာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်း များ၊  မြို့နယ်မီးသတ် ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ လှိုင်းတက်ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးနှင့် အထောက်အကူပြုအဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များက  ဆေးကုသမှုခံယူမည့် လူနာများအား ဆေးကုသမှု အဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ခဲ့ရာ ကျား ၄၇၅ ဦးနှင့် မ ၅၃၄ ဦး စုစုပေါင်းလူနာ ၁၀၀၉ ဦးတို့အား အခမဲ့ဆေးကုသပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။   


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)