MNP ၊ မတ် ၂
ယနေ့ ကျရောက်သော (၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ သို့ ပေးပို့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ သဝဏ်လွှာတွင် လယ်သမားထုကြီးနှင့် ထာဝရအတူ ရပ်တည်ဆောင်ရွက်သွားရန် ပြတ်သားသော သန္နိဋ္ဌာန် ချမှတ်ပြီးဖြစ်ကြောင်း ပြောဆိုထားသည်။
မြန်မာနိုင်ငံ၌ လူဦးရေ (၅၆)သန်းခန့် ရှိသည့်အနက် (၇၅)ရာခိုင်နှုန်းခန့်သည့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းလျက် ရှိပြီး တောင်သူလယ်သမားများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုမှာ ခွဲခြား၍ မရအောင်ရှိကြောင်၊ သဘာဝ ရေ၊ မြေ၊ ရာသီဥတု အခြေခံကောင်းများ ပေါကြွယ်ဝနေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် တောင်သူလယ်သမား အများစု၏ လူမှုစီးပွားရေးဘဝမှာ သိသာထင်ရှားစွာ ပြောင်းလဲတိုးတက်လာစေရန်အတွက် ဖြည့်ဆည်းပြုပြင် ကူညီပေးရန် လိုအပ်နေကြောင်း ပြောဆိုထားသည်။
#MyanmarNationalPost



No comments:
Post a Comment