Pages

Pages

ပေါက်တောမြို့၌ နွေရာသီအခြေခံအားကစားနည်းသင်တန်းဖွင့်လှစ်လျက်ရှိ





MNP ၊ မတ် ၃၁

ပေါက်တောမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ၂၀၂၃ခုနှစ် နွေရာသီ အခြေခံအားကစားနည်း ဘောလုံးသင်တန်းကို ပေါက်တောမြို့ရှိ ပေါက်တောရွှေမြေအားကစားကွင်း၌ ဖွင့်လှစ်လျက်ရှိ  ကြောင်း သိရသည်။


အဆိုပါ နွေရာသီအခြေခံအားကစားနည်းသင်တန်းကို ပေါက်တောမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ အားကစားမှူး ဦးမြမင်းထွန်းက နွေရာသီအားလပ်ရက် ကျောင်းပိတ်ချိန်တွင် ကျောင်းသားကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးတတ်စေရန် ဘောလုံးအားကစားနည်း၏ အခြေခံနည်းစနစ်များကို စနစ်တကျ သင်ယူနိုင်စေရန် ဖွင့်လှစ်လျက်ရှိကြောင်းပြောကြသည်။


ယင်းနွေရာသီအခြေခံအားကစားနည်း သင်တန်းတွင် ပေါက်တောမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကာယဆရာဆရာမများက ဦးစီးပြီး ကျောင်းသား ကျောင်းသူများ တက်ရောက်သင်ကြားလျက်ရှိကြသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment