Pages

Pages

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၌ ပညာသင်ဆု ကျပ်သိန်း(၁)ထောင် ပေးအပ်ပွဲကျင်းပ


MNP   -   မတ်   ၂

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တရုတ်နိုင်ငံဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်းက ပေါက်ဖော် ပညာသင်ဆု ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ယင်းတက္က သိုလ်ဘွဲ့နှင်းခန်းမ၌ ကျင်းပသည်။


ဦးစွာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးအေးကိုက အဖွင့်အမှာစကားပြောကြားပြီး Paukphaw Scholarship Project မှ တာဝန်ခံ ဒေါ်ဆောင်းနှင်းပွင့်က ပညာသင်ဆုပေးအပ်ရခြင်းနှင့် စပ်လျဉ်၍ ရှင်းလင်းတင်ပြသည်။


ထို့နောက် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် များဖြစ်ကြသော ဒေါက်တာ အေးအေးကို၊ ဒေါက်တာ ဝါဝါလွင်၊ ဒေါက်တာသီတာအောင်နှင့် Paukphaw Scholarship Project မှ ဒေါ်ဆောင်းနှင်းပွင့်တို့က ပညာသင်ဆုများကို ကျောင်းသား၊ ကျောင်းသူများသို့ ပေးအပ်ကြသည်။


Paukphaw Scholarship Project သည် ကျောင်းသား၊ ကျောင်းသူများ၏ သာတူညီမျှသော ပညာသင်အခွင့်အလမ်းများ တိုးမြှင့်လာစေရန်၊ အလုပ်အကိုင်ရှာဖွေရန်နှင့် ၄င်းတို့၏ အသက် မွေးဝမ်းကျောင်း ရည်မှန်းချက်များ အောင်မြင် လာစေရန်၊ လူနေမှုအဆင့်အတန်းမြှင့်တင်ရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပညာသင်အခွင့် အလမ်းများ တိုးတက်လာစေရန် ရည်ရွယ်၍ ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။


ယနေ့တွင် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦးအတွက် တစ်ဦးလျှင် ကျပ်(၅) သိန်းစီဖြင့် ပညာသင်ဆုငွေကျပ် သိန်း(၁)ထောင်ပေးအပ်ခဲ့သည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment