ကြို့ပင်ကောက်မြို့တွင် နွေစပါးလျာထားဧက ၇၅၆၃ ဧကထက် ကျော်လွန်စိုက်ပျိုးသွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြို့ပင်ကောက်မြို့တွင် နွေစပါးလျာထားဧက ၇၅၆၃ ဧကထက် ကျော်လွန်စိုက်ပျိုးသွားမည်


MNP ၊ မတ်  ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ ဥက္ကံကျေးရွာအုပ်စု တောင်သူ ဦးကြည်ဝင်း၏လယ် ၇ ဧကတွင် ရက် ၉၀ နွေစပါး အစေ့ချစိုက်ပျိုးနေမှုအား သာယာဝတီခရိုင် စိုက်ပျိုးရေးဦးစီးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စိုက်ညှိအဖွဲ့တာဝန်ရှိသူများက ယနေ့သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


သာယာဝတီခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မာမာအောင်က နွေစပါးစိုက်ပျိုးသည့် တောင်သူများအနေဖြင့် အစေ့ချစိုက်ပျိုးခြင်း ပျိုးထောင်စိုက်ပျိုးခြင်းနည်းတို့ဖြင့် စိုက်ပျိုးနိုင်ရေး အထွက်နှုန်း တိုးတက်စေရေးအတွက် စိုက်ပျိုးရေးဝန်ထမ်းများက ကွင်းထဲအရောက် သွားရောက်၍ အသိပညာပေးဆောင်ရွက်ပြီး အားတက်သရော ကူညီဆောင်ရွက်ပေးသွားကြရန်နှင့် လျာထား ဧကထက်ကျော်လွန် စိုက်ပျိုးနိုင်ရေး စည်းရုံးဆောင်ရွက်သွားကြရန်တို့အား မြို့နယ်စိုက်ညှိ အဖွဲ့ဝင်များနှင့် စိုက်ပျိုးရေးဝန်ထမ်းများအား မှာကြားခဲ့ကြောင်း သိရသည်။


ကြို့ပင်ကောက်မြို့တွင် ၂၀၂၃ ခုနှစ် နွေစပါးအား ၇၅၆၃ ဧကလျာထားစိုက်ပျိုး သွားမည်ဖြစ်ကြောင်းနှင့် မတ်လ ၂၅ ရက်နေ့တွင် လျာထားဧကကွင်းပိတ်အပြီး စိုက်ပျိုးသွားမည်ဖြစ်ပြီး မတ်လ ၃၁ ရက်နေ့အထိ ရေဝင်ဧက ၈၂၆၈ ဧကအား ရာသီကုန်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်ဌေးထံမှ သိရသည်။


ဇေယျာထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)