မင်းဘူးမြို့၌ အခြေခံ ပန်းချီဆွဲနည်းသင်တန်းနှင့် အခြေခံ အင်္ဂလိပ်စာသင်တန်းများ အခမဲ့ ဖွင့်လှစ်သင်ကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းဘူးမြို့၌ အခြေခံ ပန်းချီဆွဲနည်းသင်တန်းနှင့် အခြေခံ အင်္ဂလိပ်စာသင်တန်းများ အခမဲ့ ဖွင့်လှစ်သင်ကြား





MNP ၊ မတ်  ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့ညနေ ၃ နာရီတွင် အခြေခံ ပန်းချီဆွဲနည်းသင်တန်းကိုလည်းကောင်း၊ ၎င်းညနေ ၄ နာရီတွင် အခြေခံ အင်္ဂလိပ်စာသင်တန်းကိုလည်းကောင်း စတင်သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။


သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက နွေရာသီ အားလပ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာရေးခြင်း၊ စာဖတ်ခြင်းများနှင့် စာကျက်ခြင်းများအပြင် မိမိတို့ ဝါသနာပါသည့် အသိပညာ၊ အတတ်ပညာများဖြင့် အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ အခြေခံ ပန်းချီသင်တန်းနှင့် အခြေခံ အင်္ဂလိပ်စာသင်တန်းများကို အခမဲ့ဖွင့်လှစ် သင်ကြားပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး ပန်းချီဆရာ ဦးဝင်းချိုက အခြေခံပန်းချီဆွဲနည်းများကိုလည်းကောင်း၊ ဆရာ ဦးမင်းသစ်ထွန်းက အခြေခံ English Grammar သင်တန်းများကို ဆက်လက်သင်ကြား ပို့ချခဲ့သည်။


အဆိုပါ သင်တန်းမှာ မတ်လ (၂၀) ရက်မှ ဧပြီလ (၂) ရက်နေ့အထိ နှစ်ပတ်ကြာ အခမဲ့ သင်ကြား ပို့ချသွားမှာဖြစ်ပြီး အခြေခံ ပန်းချီသင်တန်းအတွက် မူလတန်းကျောင်းသား၊ ကျောင်းသူ (၃၀) ဦးနှင့် အခြေခံ အင်္ဂလိပ်စာသင်တန်းအတွက် အလယ်တန်း ကျောင်းသား၊ ကျောင်းသူ (၂၅) ဦးဖြစ်၍ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၅၅) ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။


ဇေယျာထက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)