နမ္မတူမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများအား စတင်ထုတ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ္မတူမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများအား စတင်ထုတ်ပေး




MNP ၊ မတ်  ၂၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်(၈)နာရီအချိန်မှစတင်ကာ ထုတ်ပေးလျက်ရှိကြောင်း နမ္မတူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။


နမ္မတူမြို့နယ်တွင် ပင်စင်စားအငြိမ်းစားနိုင်ငံ့ဝန်ထမ်းစုစုပေါင်း(၃၆၉)ဦးရှိပြီး မြန်မာ့စီးပွားရေးဘဏ်မှ လစဉ်(၂၁)ရက်နေ့မှ လကုန်ရက်အထိ ရုံးဖွင့်ရက်တိုင်း ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း အကြောင်းအမျိုးမျိုးမျိုးကြောင့် ပင်စင်လစာလာရောက် မထုတ်ယူနိုင်သည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းများအား နောက်လ လဆန်းပိုင်းမှစ၍ ရုံးဖွင့်ရက်တိုင်း ပင်စင်လစာများ ထုတ်ယူခွင့်ပြုကြောင်း နမ္မတူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်မန်နေဂျာ ဒေါ်နေခြည်စိုးထံက သိရသည်။


လူမော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)