မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်ပြပွဲဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်ပြပွဲဆောင်ရွက်


MNP ၊ မတ်  ၂၀

မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နွေကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာစောင်များ လေ့လာ၍ ငှားရမ်းဖတ်ရှု့နိုင်ရန်အတွက် စာအုပ်၊စာစောင်ပြပွဲကို ယနေ့မွန်းလွဲ(၁)နာရီတွင် စာဖတ်ခန်းမ၌ ပြသဆောင်ရွက်ခဲ့ပါသည်။


ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကျောင်းသား လူငယ်များ နွေရာသီအားလပ်ချိန်တွင့် လူထုအခြေပြုဗဟိုဌာနက ဖွင့်လှစ်သည့် သင်တန်းများကို တက်ရောက်ရင်း သင်တန်း အားလပ်သည့် အချိန်တွင် စာကြည့်တိုက်ရှိ စာအုပ်/စာစောင်များကို လေ့လာဖတ်ရှု့နိုင်ပါကြောင်း၊ အသင်းဝင် (အခမဲ့) ဖြစ်ပြီး စာအုပ်စာစောင်များကို အခမဲ့ ဖတ်ရှု့နိုင်ပါကြောင်း၊ အသိပညာဖြင့် ပြည့်စုံသည့် အနာဂတ်ခေါင်းဆောင်များဖြစ်လာမည့် လူငယ်များအတွက် စာပေဖတ်ရှု့နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။


ထို့နောက်စာအုပ်ပြပွဲသို့ လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများကို အသင်းဝင်ပြုလုပ်ပေးပြီး စာအုပ်/စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)