Pages

Pages

အမ်မြို့နယ်၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေး ပွဲ မြန်မာစာဘာသာတွဲအား ကျောင်းသား၊ ကျောင်းသူ(၈၂၀)ဦး တည်ငြိမ်အေးချမ်းစွာ ဖြေဆို





MNP ၊ မတ်  ၈

  ရခိုင်ပြည်နယ်၊ အမ်း ခရိုင်၊ အမ်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာတွဲအား  မတ်လ ၈ ရက် နံနက် ၉ နာရီအချိန်တွင် ကျောင်းသား၊ ကျောင်းသူများက တည်ငြိမ်အေးချမ်းစွာ စာမေးပွဲ ဖြေဆိုလျက်ရှိသည်။


အမ်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌  မြို့ပေါ် ရပ်ကွက်တွင် အမှတ် (၁)အထက၊ အမှတ် (၂)အထက၊ အမှတ် (၃)အထက နှင့်  အထက(တပ်တောင်) စာစစ်ဌာန(၄)တွင် ကျောင်းတွင်းမှဖြေဆိုသည့်ကျောင်းသားကျောင်းသူ(၇၁)ဦး၊ ပြင်ပမှဖြေဆိုမည့်သူ(၈၇၉)ဦး စုစု ပေါင်း(၉၅၀)ဦးရှိပြီး မြန်မာစာဘာသာတွဲ ဖြေဆိုသူ(၈၂၀)ဦး၊ ပျက်ကွက်သူ(၁၃၀) ဦး ရှိကြောင်းသိရသည်။


 အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ ချောမွေ့စွာကျင်းပနိုင်ရေးအ တွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်မင်းနှင့် တာဝန် ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ထက် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမင်းထက် နှင့်အဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ရပ်ကွက်/ကျေး ရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက စာစစ်ဌာနအ သီးသီး၌ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊မလိုလားအပ်သောကိစ္စရပ်များမဖြစ်ပေါ်ရေး၊မသမာသောကိစ္စရပ်များမဖြစ်ပေါ်စေရေးနှင့် စာမေးပွဲဖြေဆိုမှုကို အနှောက်အချက် မဖြစ်စေရေး၊ ကျန်း မာရေးစောင့်ရှောက်မှုများ အဆင်ပြေချော မွေ့စေရန်ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။  


စိုးမင်းထွန်း                           

 https://t.me/MyanmarNationalPost




No comments:

Post a Comment