Pages

Pages

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းရှိ မျက်စိခွဲစိတ်လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်


MNP ၊ မတ် ၆

ရခိုင်ပြည်နယ် အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ  ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)သည် ယနေ့တွင် သံတွဲမြို့နယ်၊ ကျောက္ကလပ် ကျေးရွာအုပ်စု သဗြုချိုင်ကျေးရွာ နှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ခွဲစိတ်ကုသပြီးသော မျက်စိခွဲစိတ်လူနာ ၁၁ ဦးအား ဆေးရုံရေယာဉ်ပေါ်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးပြီး ခွဲစိတ် လူနာများအား မျက်မှန်များ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် မျက်စိ အထောက်အကူပြု ဆေးပစ္စည်းများ ပေးအပ်သည်။


ထို့နောက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ မျက်စိခွဲစိတ် လူနာများအား သဗြုချိုင် ကျေးရွာသို့  ပြန်လည်ပို့ဆောင်ပေးသည်။ ၎င်းနောက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရန်အတွက် သဗြုချိုင်ကျေးရွာမှ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာသို့ ဆက်လက်ထွက်ခွာကြသည်။


#MyanmarNationalPost




No comments:

Post a Comment