မဘိမ်းမြို့နယ်တွင် နွေရာသီအားကစားအခြေခံသင်တန်းများ စတင်ဖွင့်လှစ်သင်ကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

မဘိမ်းမြို့နယ်တွင် နွေရာသီအားကစားအခြေခံသင်တန်းများ စတင်ဖွင့်လှစ်သင်ကြား

 


MNP ၊ မတ်  ၂၀      

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှဖွင့်လှစ်သည့် နွေရာသီအားကစားအခြေခံသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်း၌ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။


နွေရာသီအားကစားအခြေခံသင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းသူဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းလွင်က ကျောင်းသား၊ ကျောင်းသူလူငယ်များ နွေရာသီအားလပ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် မဘိမ်းမြို့နယ်တွင် မျိုးဆက်သစ်အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းရေးတို့အတွက် နွေရာသီအားကစားအခြေခံသင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


အဆိုပါသင်တန်းတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နှင့် အေရိုးဗစ်စသည့် အားကစားနည်း(၅)မျိုးဖြင့် ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦးတို့အား မတ်လ ၂၀ ရက်နေ့မှ ဧပြီ ၁ ရက်နေ့အထိ ၁၃ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းလွင်ထံမှ သိရသည်။


မျိုးမင်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)