Pages

Pages

ပေါက်ကွဲအား၊ ဆာလောင်မှု၊ အသင်းစိတ်ဓာတ်တွေမရှိရင် မတိုးတက်နိုင်ဘူးလို့ ပြောကြားခဲ့တဲ့ စပါးနည်းပြ ကွန်တီ




MNP - မတ်  ၂၁


တော်တင်ဟမ်ဟော့စပါးအသင်းနည်းပြ အန်တိုနီယို ကွန်တီက ဆောက်သမ်တန်အသင်းကို သရေကျခဲ့တဲ့ပွဲအပြီး အသင်းကစားသမားတွေနဲ့ပတ်သက်ပြီး "တစ်ကိုယ်ကောင်းဆန်တဲ့ ကစားသမားတွေ၊ တစ်ယောက်ကိုတစ်ယောက် မကူညီချင်ကြဘဲ သူတို့ရဲ့နှလုံးသားကို ဒီအသင်းထဲထည့်မထားတဲ့ ကစားသမားတွေကို ကျွန်တော်မြင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး အန်တိုနီယို ကွန်တီက "ပေါက်ကွဲအား မရှိဘူး၊ ဆာလောင်မှုမရှိဘူး၊ ဒီဟာတွေက အချိန်တိုင်းရှိဖို့ လိုပါတယ်၊ မင်းတို့က အသင်းအနေနဲ့ မကစားတဲ့အခါ လုံးဝမတိုးတက်နိုင်ပါဘူး "လို့ ထပ်လောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment