Pages

Pages

မာန်အောင်မြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ




MNP ၊ မတ် ၂၉

ရခိုင်ပြည်နယ် မာန်အောင်မြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး  လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို  ယနေ့ နံနက် ၁၀  နာရီ ကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


      ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းက  ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၃ ရက်နေ့တွင်ကျရောက်မည့် မဟာ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့် ကိစ္စများ၊ ဗဟိုမဏ္ဍပ်တည်ဆောက်ရေးအစီစဥ်များ၊ဖျော်ဖြေရေး ယိမ်းအဖွဲ့များ(တူညီဝတ်စုံ)ဖြင့်စီစဥ်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ နှစ်ဆန်း(၁)ရက်နေ့တွင် သက်ကြီး ပူဇော်ပွဲ ကျင်းပမည့် အစီအစဉ်နှင့်သံဃာတော်များမှ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်မှု အစီစဥ်များစသည့် မဟာသင်္ကြန်ပွဲတော်ကို စည်းကမ်းရှိရှိ နဲ့ စည်ကားသိုက်မြိုက် ပျော်ရွှင်အောင်မြင်စွာ ကျင်းပ ပေး နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ထား

ရမည့်အစီအမံများကို အကြံပြုတင်ပြပေးစေလိုပါ ကြောင်း ပြော ကြား ခဲ့သည်။


       ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့်ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများက  မဟာသင်္ကြန်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကဏ္ဍအလိုက် ဝိုင်း၀န်းဆွေးနွေးအကြံပြုတင်ပြခဲ့ကြကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment