Pages

Pages

ဖလမ်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲစတင်ဖြေဆို



MNP ၊ မတ်  ၉

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ယမန်နေ့ နံနက် ၉ နာရီမှစ တင်၍ ဖလမ်းမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနတွင် အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။


၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဖလမ်းမြို့၊ အမှတ်(၂)အခြေခံပညာ အတက်တန်းကျောင်း စာစစ် ဌာန၌ မတ်လ ၈ ရက်နေ့တွင် မြန်မာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိရာ စာရင်းရှိ (၂၃၄)ဦး၊ ဖြေဆို သူကျား(၆၃)ဦး၊ မ(၁၂၈)ဦး ပေါင်း(၁၉၁)ဦး၊ ပျက်ကွက်သူကျား(၂၂)ဦး၊ မ(၂၁)ဦး ပေါင်း(၄၃)ဦးရှိပြီး ဖြေဆိုသူ ၈၁.၆၂ ရာခိုင်နှုန်းရှိကြောင်း သိရသည်။


ဖလမ်းမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေး အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း ဦးဆောင်မှုဖြင့် အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး ဝင်းဇော်လတ် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဌာနဆိုင်ရာများပါဝင်သော စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဝင်များက အပြင်စည်း လုံခြုံရေးဆောင်ရွက်ပေးပြီး ကျောင်းသား၊ ကျောင်းသူများ လုံခြုံချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။          


ရဲမြင့်အောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment