မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်



MNP ၊ မတ်  ၁၄

မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က တိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ တိုင်းဒေသကြီးကုန်သည်နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအတွင်းရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး  တိုင်းဒေသကြီးကုန်သည်နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဖိုးနီက တိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းထားရှိမှုအခြေအနေများ၊ အသင်းမှ ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


ဆက်လက်၍ တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်မှုဆောင်၊ အလုပ်အမှုဆောင်များက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အတည်ပြုထားသော ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအား သဘောတူညီ အတည်ပြုခဲ့ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များအလိုက် ရောင်းဝယ်ဖောက်ကားမှုအခြေအနေများ၊ ကုန်စည်များ ရောင်းဝယ်ဖောက်ကားရာတွင် တွေ့ကြုံရသော အခက်အခဲများနှင့်ပတ်သက်၍ ကုန်စည်ဒိုင်များအလိုက် ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ထို့နောက် တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးက လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


ကိုစည်သူ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)