Pages

Pages

ပန်းတောင်းမြို့နယ်အတွင်း ကိုဗစ်ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး


MNP ၊ မတ်  ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ်ဖြစ်သည့် BA.4နှင့်BA.5 ကူးစက်ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ယနေ့နံနက်(၇:၃၀)အချိန်က ပန်းတောင်းမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ မင်းရပ်ရပ်ကွက် (ပန်းတောင်းစည်ပင်သာယာစျေး)၊ ရတနာပုံရပ်ကွက် (ဥသျှစ်ပင်စျေး)၊ သရက်လိန်ကျေးရွာအုပ်စု (သရက်လိန်အုပ်ချုပ်ရေးမှူးရုံး)တို့တွင် ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ကွင်းဆင်းကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းများဆောင်ရွက်ပြီး ကျန်းမာရေးကောင်းမွန်သူများအား ပန်းတောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ကာကွယ်ဆေးထိုးနှံခြင်းကို ပန်းတောင်းမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးရန်လင်းအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သင်းသင်းအေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment