ဒလမြို့နယ်တွင် ပညာရေးစစ်ကြောင်းအနေဖြင့် ပါဋ္ဌိပထမပြန်စာမေးပွဲ ဖြေဆိုနေသော သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒလမြို့နယ်တွင် ပညာရေးစစ်ကြောင်းအနေဖြင့် ပါဋ္ဌိပထမပြန်စာမေးပွဲ ဖြေဆိုနေသော သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်း


MNP ၊ မတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပညာရေးစစ်ကြောင်းအနေဖြင့် ယနေ့ နံနက်(၁၀)နာရီအချိန်က ကမာကဆစ် ရပ်ကွက်ရှိ အလယ်ကျောင်းပရိယတ္တိစာသင်တိုက်၌ ပါဋ္ဌိပထမပြန်စာမေးပွဲ ဖြေဆိုနေသော သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြသည်။


အဆိုပါ နေ့ဆွမ်းဆပ်ကပ်လှူဒါန်းရာတွင် ပညာရေးစစ်ကြောင်းအနေဖြင့် အလယ်ကျောင်းပရိယတ္တိ စာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဣန္ဒကသာရာဘိဝံသ (အဂ္ဂမဟာ ဂန္တဝါစက ပဏ္ဍိတ မြို့နယ်သံဃနာယကဥက္ကဋ္ဌ) နှင့်ဆရာတော် ကြီးများ၊ ပါဋ္ဌိပထမပြန်စာမေးပွဲ ဖြေဆိုနေသော ရဟန်း(၂၉)ပါး၊ သာမေဏ(၆၉)ပါး စုစုပေါင်း(၉၈)ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်းနှင့် အချိုပွဲများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။


ထိုပညာရေးစစ်ကြောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေး၊  မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇာနည်ထက်တို့မှ စာဖြေသံဃာတော်များအား နေ့ဆွမ်းများဆပ်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။


မြင့်ဇော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)