Pages

Pages

ကွင်းလယ်လူ စတီဖန် ဘာဂျက်တစ်နှင့် အယ်လီးယော့ခ်တို့ကို ချီးကျူးခဲ့တဲ့ လီဗာပူးလ်နည်းပြ ကလော့ပ်



MNP - မတ်  ၁၄


လီဗာပူးလ်အသင်းနည်းပြ ယာဂင်ကလော့ပ်က အသင်းရဲ့ လူငယ်ခံစစ်ကစားသမားလေး စတီဖန် ဘာဂျက်တစ်နှင့် ကွင်းလယ်ကစားသမား ဟာဗေးရ် အယ်လီးယော့ခ်နဲ့ပတ်သက်ပြီး "စတီဖန် ဘာဂျက်တစ်က အရမ်းထက်မြက်တဲ့ ထိပ်တန်းကစားသမားပါ၊ သူ့မှာ ပွဲတစ်ပွဲကို ခြုံငုံသုံးသပ်ချက်နိုင်စွမ်းကာင်းကောင်းရှိပြီး နည်းစနစ်ပိုင်းလည်း တကယ်ကိုကောင်းမွန်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ယာဂင်ကလော့ပ်က "ဟာဗေးရ် အယ်လီးယော့ခ် ဟာ ထိပ်တန်းကစားသမားဖြစ်ပြီး သူတကယ်ကို ပျော်ရွှင်နေပါတယ်၊ သူကတော့ ခံစစ်ပိုင်းအနည်းငယ်တိုးတက်လာပေမယ့် ကြမ်းတမ်းတဲ့ သူရဲ့ ကစားပုံကြောင့် အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်" လို့ ထပ်လောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။


souce - Fabrizio Romano


မြန်မာနေရှင်နယ်ပို့စ်




No comments:

Post a Comment