Pages

Pages

နွားထိုးကြီးမြို့၌အစိုးရ ပါဠိပထမပြန် စာမေးပွဲကျင်းပ



MNP ၊ မတ် ၃၁

နွားထိုးကြီးမြို့၊အမှတ်( ၁)ရပ်ကွက်အတွင်းရှိ ထန်းငယ်တောကျောင်း စာသင်တိုက်၌ ယမန်နေ့မွန်းတည့်(၁၂) နာရီအချိန်က မြို့နယ်သံဃာနာယက ဆရာတော်ကြီးများကြီးကြပ်မှုဖြင့် ပါဠိ ပထမပြန်စာမေးပွဲကို  ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


စာမေးပွဲဖြေဆိုရာတွင် မြို့နယ်အတွင်းရှိစာသင်တိုက်များမှ ပါဠိပထမပြန်စာမေးပွဲ အ ဘိဓမ္မတ္ထသင်္ဂဟကို ပထမကြီးတန်းတွင်စာရင်းရှိ(၅)၊ဖြေဆို(၂)၊ ပထမလတ်တန်းတွင် စာရင်းရှိ (၄)၊ဖြေ ဆို (၂)၊ ပထမ ငယ်တန်းတွင် စာရင်းရှိ (၂၉)၊ ဖြေဆို (၂၄)၊ အခြေပြုမူလတန်းတွင် စာရင်းရှိ (၂၉)၊ ဖြေဆို (၂၀) ဝင်ရောက်ဖြေဆိုခဲ့ကြသည်။


နွားထိုးကြီးမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲများကို ပရိယတ္တိသာသနာ ထွန်းကားပြန့်ပွားစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးရခြင်းဖြစ် ကြောင်း ပါဠိပထမပြန်စာမေးပွဲကို မတ်လ(၂၈)ရက်နေ့မှ ဧပြီလ (၃)ရက်နေ့အထိ ကျင်းပပြုလုပ်‌ပေးမည်ဖြစ်ကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ၏ လမ်းညွှန်မှုနှင့် သာသနာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သန်းအောင်ဇော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment