Pages

Pages

ငပုတောမြို့နယ်၌ နွေစပါးသီးနှံစံပြကွက် ရိတ်သိမ်းပွဲ ကျင်းပ





MNP ၊ မတ်  ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ဖျန်ရေကျော် ကျေးရွာအုပ်စု၊ ဖျန်ရေကျော်ကျေးရွာ၌ နွေစပါးသီးနှံ စံပြကွက် ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် (၉)နာရီ အချိန်က ဦးပိုင်အမှတ် (၁၈/၁) ကွင်းအမှတ် (၁၃၇၂-က) တောင်သူ ဒေါ်မေသဇင်ဦး၏ လယ်မြေ ဧရိယာအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အစိုတင်း (၁၀၇ ဒသမ ၂၀) တင်း၊ အခြောက်တင်း (၉၉ ဒသမ ၅၉) တင်းထွက်ရှိကြောင်းသိရသည်။


အဆိုပါ နွေစပါးသီးနှံ စံပြကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေး ဦးထွန်းမျိုးသန့် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေး နှင့်စာရင်းဦးစီးဌာန မှဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည် ။


အောင်သူ 

 https://t.me/MyanmarNationalPost




No comments:

Post a Comment