Pages

Pages

ပုဏ္ဏားကျွန်းမြို့၌ ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ ကစ္စည်းသဒ္ဒါကြီးဘာသာအား ဆက်လက်ဖြေဆို




MNP ၊ မတ် ၂၉

  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနက ကြီးမှူးကျင်းပသော ၂၀၂၃ ခု၊ အစိုးရ ပဠိပထမပြန်စာမေးပွဲကို ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန်ဘုရားသိမ်တော်၌ မတ်လ ၂၈ ရက်နေ့က စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် ရဟန်း၊ သံဃာ၊ သာမဏေ ၁၇ ပါး တို့က ကစ္စည်းသဒ္ဒါကြီးဘာသာအား ဆက်လက်ဖြေဆိုလျက်ရှိသည်။


     အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုခွင့်စာရင်းရှိ ၂၀ ပါးအနက်၊ အခြေပြုမူလတန်း တွင် စာရင်းရှိ ၁ ပါးနှင့်ပထမအလတ်တန်းတွင် စာရင်းရှိ ၂ ပါး ဖြေဆိုပျက်ကွက်ခဲ့ပြီး၊ ပထမ အကြီးတန်းတွင် ၆ ပါး၊ ပထမအငယ် တန်းတွင် ၁၁ ပါးတို့က ကစ္စည်းသဒ္ဒါကြီးဘာသာကို ယနေ့၊ နေ့လယ်(၁၂)နာရီမှ ညနေ(၃)နာရီအထိ စိတ်အေးချမ်းသာစွာဖြင့် ဝင်ရောက်ဖြေဆိုခဲ့ကြသည်။


 ထိုသို့ စာဖြေရဟန်း၊သံဃာတော်များနှင့်စာမေးပွဲကြီးကြပ်ရေးဆရာတော်ကြီးများကို မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာတာဝန်ရှိသူတို့က နဝကမ္မဝတ္ထုပစ္စည်းများနှင့် အားဖြည့်အချိုရည်များ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment