Pages

Pages

လျှပ်စစ်သုံး မော်တော်ယာဉ် ၄၉စီး ထပ်မံရောက်ရှိ




MNP ၊ မတ် ၅

Earth Renewable Energy Co., Ltd. မှ တင်သွင်းလာသော BYD အမျိုးအစား လျှပ်စစ် သုံးယာဉ် ၁၉ စီးသည် ၃-၃-၂၀၂၃ ရက်နေ့က ထီးတန်းဆိပ်ကမ်းသို့ ရောက်ရှိလာပြီး Auto-maker Corporation Co., Ltd. မှ တင်သွင်းလာသော Dongfeng အမျိုးအစား လျှပ်စစ်သုံးယာဉ်အစီး ၃၀ သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ရောက်ရှိလာကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်းနှင့် လျှပ်စစ်သုံးယာဉ်များ တင်သွင်းမှုသည် ပြည်တွင်းလျှပ်စစ် သုံးယာဉ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောက်ခွန်ကင်းလွတ်ခွင့် သက်သာခွင့်ပြုထားကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment