Pages

Pages

မြောက်ဦးမြို့၌ ၂၀၂၃ ခုနှစ် ၊အစိုးရပါဌိ ပထမပြန် အဘိဓမ္မာတ္ထသင်္ဂဟဘာသာရပ်ကို ဖြေဆိုလျှက်ရှိ




MNP ၊ မတ် ၃၀

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၊ သာသ နာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ပြုလုပ်ကျင်းပသော ပါဌိပထမပြန်စာမေးပွဲ ပထမနေ့အဖြစ် အောင်တပ်ရပ်ကွက် အ.ထ.က ၂ ကျောင်း၌ ယနေ့ နေ့လယ် ၁၂ နာရီအချိန်မှ ဖြေဆို လျှက်ရှိသည်။


မြောက်ဦးမြို့နယ်အတွင်းရှိ စာသင်တိုက်များမှ ရဟန်း၊သံဃာများ သည် ၂၀၂၃ ခုနှစ် ၊ အစိုးရပါဌိ ပထမပြန်စာမေးပွဲကို ဖြေဆိုကြသည့် ပထမအကြီတန်း (၃) ပါး၊ ပထမအလတ်တန်း(၄) ပါး၊ ပထမအငယ် တန်း(၂၆) ပါး ၊ အခြေပြုမူလတန်း (၂၀) ပါး စုစုပေါင်း (၅၃) ပါး ဝင်ရောက် ဖြေဆိုလျှက်ရှိပြီး  ပထမအကြီတန်း ၊ ပထမအလတ်တန်း ၊ အငယ်တန်း နှင့် အခြေ ပြုမူ လ တန်း စာဖြေသံဃာများသည် အဘိဓမ္မာတ္ထသင်္ဂဟဘာသာရပ် များအား ဖြေဆိုလျှက်ရှိရာ အစိုးရ ပါဌိပထမပြန် စာမေးပွဲကို မတ်လ (၂၈) ရက်နေ့ မှ ဧပြီလ ၃ ရက်နေ့အထိ ကျင်းပ ပြုလုပ် သွား မည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာန မှ သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment