Pages

Pages

အမရပူရမြို့နယ်၌ နွေစပါးစိုက်ပျိုးရေရရှိရေး လျှပ်စစ်မြစ်ရေတင်စက်များဖြင့် မတ်လ ၆ ရက်နေ့တွင် စတင်ရေလွှတ်ပေးသွားမည်


MNP   -  မတ် ၃

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ​ရေးဦးစီးဌာန (ရေအရင်းအမြစ်) ကနွေစပါးနှင့် အခြားသီးနှံများစိုက်ပျိုးနိုင်ရေးအတွက် လျှပ်စစ် မြစ်ရေတင်စက်များဖြင့် လာမည့် မတ်လ ၆ ရက်နေ့တွင် ရေများ စတင်ပေးဝေသွား မည်ဖြစ်ကြောင်း သိရသည်။


အမရပူရမြို့နယ်အတွင်း လျှပ်စစ်မြစ်ရေတင်အနေဖြင့်ဖြင့် ရေကြည်ပေါက်၊ ဘနော၊ စားတော်နှင့် လိပ်ဆံခွန် ​​​မြစ်ရေတင်စက်များဖြင့် နှစ်စဉ်ရေပေးဝေလျက်ရှိကြောင်း သိရသည်။ ယခုနှစ် နွေစပါးရာသီနွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရန်အတွက် လာမည့်မတ်လ ၆ ရက်နေ့တွင် ဘနောနှင့် ရေကြည်ပေါက် လျှပ်စစ်မြစ်ရေတင်ဖြင့် စတင်လွှတ်ပေး သွားမည်ဖြစ်ပြီး ဘနောလျှပ်စစ်မြစ်ရေတင်တွင် စပါး စိုက်ဧက ၁၁၀ ဧက၊ အခြားသီးနှံ ၁၂၂ ဧက စုစုပေါင်း ၂၃၂ ဧကလျာထားကြောင်း၊ ရေကြည်ပေါက်မြစ်ရေတင်ကွင်းတွင် စပါးစိုက်ဧက ၁၃၃ဧက နှင့် အခြားသီးနှံဧက ၁၆၇ ဧက၊ စုစုပေါင်း ၃၀၀ ဧက လျာထားကြောင်း သိရသည်။


အလားတူ လာမည့်မတ်လ ၁၀ ရက်နေ့တွင် စားတော်လျှပ်စစ်မြစ်ရေတင်နှင့် လိပ်ဆံခွန်​လျှပ်စစ်ရေတင်တို့မှ စတင်လွှတ်ပေးသွားမည်ဖြစ်ပြီး စားတော်ကွင်းတွင် အခြားသီးနှံ ၁၇၅ ဧက စိုက်ပျိုးနိုင်ရန် လျာထားပြီး လိပ်ဆံခွန်မြစ်ရေတင်ကွင်းတွင် စပါး ၁၀၀ ဧကနှင့် အခြားသီးနှံဧက ၁၅၇ ဧက စုစုပေါင်း ၂၅၇ ဧက စိုက်ပျိုးနိုင်ရန် လျာထားပြီး ရေပေးဝေမှုများကို ဆောင် ရွက်သွားမည်ဖြစ်ကြောင်း အမရပူရမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချရေး စီမံခန့်ခွဲမှု ဦးစီးဌာန (ရေအရင်းမြစ်) ထံမှ သိရသည်။


စိုးသီဟ

 https://t.me/MyanmarNationalPost




No comments:

Post a Comment