Pages

Pages

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ အသစ်နှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားမှု ၃၃ ပါတီ အထိ ရှိလာပြီ


MNP ၊ မတ် ၂၂

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ယနေ့အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၆ ပါတီရှိပြီး၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ လျှောက်ထားသော  ပါတီ ၂၇ ပါတီဖြစ်၍ စုစုပေါင်း ၃၃ ပါတီ အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

၁။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) - အဟောင်း

၂။ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ - 

၃။ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ ( MPD ) - အဟောင်း

၄။ ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party) - 

၅။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ 

၆။ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ 

၇။ ဒီမိုကရေစီပါတီသစ်(ကချင်) [New Democracy Party (Kachin)][N.D.P(Kachin)]

၈။ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ 

၉။ အမျိုးသားဒီမိုကရေစီပါတီသစ် (NEW NATIONAL DEMOCRACY PARTY)

၁၀။ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ 

၁၁။ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ 

၁၂။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ 

၁၃။ ရခိုင့်ဦးဆောင်ပါတီ [Arakan Front Party (AFP)] 

၁၄။  ပြည်သူ့အင်အားပါတီ 

၁၅။ ဝံသာနုပါတီ 

၁၆။ ဒီမိုကရက်တစ်ပါတီ 

၁၇။ ကချင်ပြည်နယ်ပြည်သူ့ပါတီ [Kachin State People’s Party (KSPP)]

၁၈။ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) [LISU NATIONAL DEVELOPMENT PARTY (L.N.D.P)]

၁၉။ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ [TAI-LENG NATIONALITIES DEVELOPMENT PARTY (T.N.D.P)]

၂၀။  ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ [Shan-Ni Solidarity Party (S.S.P)] 

၂၁။ လူထုပါတီ (The Party for People) 

၂၂။ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ 

၂၃။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (United Nationalities Democracy Party)

၂၄။ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ

၂၅။ ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party)

၂၆။ မွန်ညီညွတ်ရေးပါတီ (Mon Unity Party) 

၂၇။ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ (Myanmar Farmers’ Development Party) 

၂၈။ ပြည်သူ့အလုပ်သမားပါတီ

၂၉။ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ

၃၀။ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ [Democratic Party of National Politics (DNP)] 

၃၁။ ကချင် အမျိုးသားကွန်ဂရက်ပါတီ [Kachin National Congress (KNC)]

၃၂။ ရခိုင်အမျိုးသားပါတီ (Arakan National Party) 

၃၃။ လူ့ဘောင်သစ်ပါတီ (NSP)

ယင်း ၃၃ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့်ပါတီ ၈ ပါတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီ ၂၅ ပါတီဖြစ်ပြီး၊ ပါတီများကို တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment