Pages

Pages

အမ်းမြို့နယ်၌ ၂၀၂၂- ၂၀၂၃ ပညာသင် နှစ် တက္ကသိုလ်ဝင်စာမေး ပွဲ ပဉ္စမနေ့ရူပဗေဒဘာသာရပ်အား(၃၉၂)ဦးအေး ချမ်းစွာဖြေဆို




MNP ၊ မတ်  ၁၄

    ရခိုင်ပြည်နယ်၊ အမ်း ခရိုင်၊ အမ်းမြို့ နယ်၌ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၌ တက္ကသိုလ်ဝင်စာမေးပွဲပဉ္စမနေ့ရူပ​ဗေဒဘာသာရပ်ကို ကျောင်းသား၊ကျောင်း သူ(၃၉၂)ဦး ယနေ့ နံနက် ၉ နာရီအချိန်တွင် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။


   အမ်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌  မြို့ပေါ် ရပ်ကွက်ရှိ အမှတ်(၁) အထက၊ အမှတ်(၂) အထက၊ အမှတ်(၃) အထက၊  အထက (တပ်တောင်) စာစစ်ဌာန(၄)ခုတွင်ကျောင်းတွင်းမှဖြေဆိုသည့်ကျောင်း သားကျောင်းသူ(၂၃)ဦး၊ ပြင်ပမှဖြေဆိုမည့်သူ(၄၁၀)ဦးစုစုပေါင်း(၄၃၃) ဦးအနက် ပဉ္စမနေ့ ရူဗဗေဓ ဘာသာ ရပ်ကို ဖြေဆိုသူကျောင်းသား၊ကျောင်းသူ (၃၉၂)ဦး၊ ပျက်ကွက်သူ(၄၁) ဦး ရှိ ကြောင်းသိရသည်။


    အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ အေး ချမ်းစွာဖြေဆိုနိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ နှင့်အဖွဲ့ဝင်များ၏ ကြီး ကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက စာစစ်ဌာန အသီးသီး ၌ မလိုလာအပ် သောကိစ္စရပ်များမဖြစ်ပေါ်ရေး၊ စာမေး ပွဲဖြေဆိုမှုကို အ နှောက်အချက် မဖြစ်စေရေးအပြင်စည်းလုံ ခြုံရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်လျက်ရှိပြီးအတွင်းစည်း၌ပညာရေးဝန်ထမ်းများနှင့်ကျန်းမာရေးစောင့်ရှောက်မှုများ အဆင်ပြေချောမွေ့စေရန် ကျန်း မာရေးဝန်ထမ်းများကဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။  


စိုးမင်းထွန်း                           

 https://t.me/MyanmarNationalPost




No comments:

Post a Comment