Pages

Pages

ဇွဲကပင်တောင်တက်လမ်းတွင် ချော်ကျသည့် ကလေးငယ်တစ်ဦးအား ဇွဲကပင်တောင် ကယ်ဆယ်ရေးအဖွဲ့က ကယ်တင်နိုင်ခဲ့ကြောင်း သိရ




MNP ၊ မတ် ၄

ဘားအံမြို့နယ်၊ ‌ဇွဲကပင်တောင်တက်လမ်း (လုမ္မဏီဥယျထာဉ် - အနောက်ဘက်ခြမ်း)တွင် ဘုရားဖူး ပြည်သူတစ်ဦး ချော်ကျကြောင်း သတင်းရရှိပါသဖြင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ( ဘားအံ )မှ သွားရောက်ကယ်တင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အိန္ဒု တံတားဦးကျေးရွာတွင် နေထိုင်သူ မောင်ချစ်ကိုကို (၁၃နှစ်) သည် ဇွဲကပင် အတက်လမ်းတွင် ချော်ကျခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံ) ခရိုင်ဥက္ကဋ္ဌ ဦးဆောင်၍ အင်အား (၂၀) ခန့်၊ မေတ္တာစေတနာလူမှုကူညီရေးအသင်းဝင်းများဖြင့်  စုပေါင်းကာ ကူညီကယ်ဆယ်‌ရေး ဆောင်ရွက်ခဲ့ပြီး မွန်းလွဲ (၁:၂၅ ခန့် )တွင် အထက်ရေတံခွန်အကျော်၌ လူနာအားတွေ့ရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရခြင်းမရှိပဲ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပါသဖြင့် အရေးပေါ်မြေပြင်ဆေးကုသမှု လုပ်ဆောင်၍ တောင်ခြေသို့ ပြန်လည်သယ်ဆောင်ပေးခဲ့ကြောင်း သိရသည်။


ဓာတ်ပုံ - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံ)

#MyanmarNationalPost




No comments:

Post a Comment