Pages

Pages

ရသေ့တောင်မြို့နယ်၌ သက်ကြီးဘိုးဘွားများအား တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်





MNP   -     မတ်         ၁

 ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်အတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် အသက် (၈၅)နှစ်အထက် ဘိုး/ဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊တတိယ(၃)လပတ် (အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာ)လများအတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။


တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင်ငွေ ထောက်ပံ့ပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ နံနက်ပိုင်းကစပြီး လူမှုရေးပင်စင်များကို လူမှုဝန်ထမ်းဦးစီးဌာနကရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများထံကတစ်ဆင့် ဘိုး/ဘွားများထံ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 


 ရသေ့တောင်မြို့နယ်အတွင်းတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် (အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာ)လများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ အကျိုးခံစားခွင့်ရှိသူ ဘိုး/ဘွား စုစုပေါင်း (၈၇၇)ဦးရှိပြီး နိုင်ငံတော်အစိုးရမှ သက်ကြီးဘိုးဘွားများ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက်ဘိုး/ဘွားတစ်ဦးလျှင်ကျပ်(၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၂၆၃၁၀၀၀၀)ကျပ် ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။


  အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားဦးရေ စုစုပေါင်း ၉၃၆ ဦး ရှိကြောင်း သိရကာ နိုင်ငံတော်အစိုးရမှ သက်ကြီးဘိုးဘွားများ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် တစ်လလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် (၃)လတစ်ကြိမ် လူမှုရေးပင်စင်ငွေများကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။ဆက်လက်၍ ထောက်ပံ့ငွေပေးအပ်ရန် ကျန်ရှိသည့် သက်ကြီးဘိုးဘွားများကိုလည်း အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment