ပန်ဆိုင်း(ကြူကုတ်)မြို့ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတွင် နိုင်ငံတော်အစိုးရမှ ဆက်ကပ်ချီးမြှင့်ပေးအပ်သော သဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ဂုဏဝိသိဌပူဇာသဘင်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပန်ဆိုင်း(ကြူကုတ်)မြို့ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတွင် နိုင်ငံတော်အစိုးရမှ ဆက်ကပ်ချီးမြှင့်ပေးအပ်သော သဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ဂုဏဝိသိဌပူဇာသဘင်ပွဲ အခမ်းအနားကျင်းပ


MNP ၊ မတ်  ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်၌ ဂုဏဝိသိဌပူဇာသဘင် မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာနိုင်ငံတော်မှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသော ဘဒ္ဒန္တဇနိဒ္ဒသာမိနှင့် ဂေါပကအဖွဲ့ဝင်များ အလှုရှင်များ၊ ဖိတ်ကြားထာသည့် ဧည့်သည်တော်များ တက်ရောက်ပူဇော်ကြသည်။


ရှေးဦးစွာ သာသနာ့အလံကိုင်အဖွဲ့နှင့် ဘွဲ့တံဆိပ်တော်ရဆရာတော် အရှင်သူမြတ်ကို ဓမ္မာရုံသို့ပင့် ဆောင်လာရာ ဧည့်ပရိတ်သတ်များနှင့် ဝတ်အသင်းအဖွဲ့များက ဗုဒ္ဓမြတ်စွာသာသနာ ရောင်ဝါနေသို့ လင်းစေသော် အစရှိသည့်များကို သံပြိုင်ရွတ်ဆိုပူဇော်ကန်တော့ကြသည်။


ဆက်လက်၍ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး ဂုဏဝိသိဌပူဇာ မင်္ဂလာအခမ်းအနားဖွင့်လှစ်၍ သာသာနာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ရဲနိုင်က အခမ်းအနားဖွင့် စာတမ်းဖြင့် ပူဇော်ဖွင့်လှစ်ကြောင်းကို လျှောက်ထားသည်။


ယင်းနောက် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ခင်ဦးမြို့နယ် ဝါးရုံကုန်းကျေးရွာ သာသနာဝေပုလ္လကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တသုမနထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ကြွရောက်တော်မူလာကြသော ပင့်သံဃာတော်များထံမှ ပရိတ်တရားတော်များနာယူကြသည်။  ဆက်လက်ပြီး ဘွဲ့ခံဆရာတော်အား ကန့်ဘလူမြို့ ဒါန်းပင်ကျေးရွာ ဇေယျာသီရိ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသူရီယ (သာသနဓဇ ဓမ္မစရိယ ဝိနယဝိဒူ) မှ ရေးစပ် ပူဇော်အပ်သော ရှစ်လုံးဖွဲ့ကဗျာဖြင့် ရွတ်ဆိုပူဇော်ခြင်းနှင့် ဆရာတော် အရှင်သူမြတ်ကြီးများထံမှ ဩဝါဒတရားတော်များ နာယူကြပြီး ဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ဂုဏ်ပြုမှတ်တမ်းလွှာများကို တာဝန်ရှိသူများက ဆက်ကပ်ပူဇော် ကြသည်။


ထို့နောက် ဝက်လက်မြို့ မျက်နှာပန်းရွာမှ ဆရာတော် ဦးကိတ္တိဝရမှ အနုမောဒနာ ဂါထာပူဇော်ပြီး လားရှိုးမြို့ အရှေ့ခါးရိုးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုဇာတ( ဂါန္တဝါစက ပဏ္ဍိတ အဂ္ဂမ္မဟာ သဒ္ဒမ္မဇောတိကဓဇ ဝိနယဝိဒူ ဓမ္မာစရိယ) ထံမှ ရေစက်ချအနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေကြသည်။ ထို့နောက် ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်းရွတ်ဆိုပြီး အခမ်းအနားကို ရပ်နားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)