Pages

Pages

သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အ‌ခြေခံ အင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်




MNP ၊ မတ်  ၁၇

မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမတွင် ယနေ့၊ နံနက်ပိုင်းက ကျောင်းသားကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး အခြေခံ အင်္ဂလိပ်စာ သင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။


သင်တန်းဖွင့်ပွဲတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သထုံခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက လူငယ်များ နွေရာသီကျောင်းပိတ်ရက်၌ ဘက်စုံဖွံ့ဖြိုးတိုးတက်ကာ အနာဂတ်၌နိုင်ငံ့သားကောင်းများဖြစ်လာစေရေးရည်ရွယ်ကာ သင်တန်းကိုဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းအမှာစကားပြောကြားသည်။


ယင်းနောက် သင်တန်းပို့ချမည့် အငြိမ်းစား ကျောင်းဆရာကြီး ဦးအောင်ဆန်းက ကျောင်းသားကျောင်းသူများ ကျောင်းပိတ်ရက်ကာလတွင် ပညာရေး အထောက်အကူဖြစ်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရန်နှင့် အင်္ဂလိပ်စာ သင်ကြားတတ်မြောက်ထားခြင်း၏ အကျိုးကျေးဇူးများ၊ နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်ကာလများ၌ သင်တန်း ဖွင့်လှစ်ပေးနေမှုများကို ရှင်းလင်းပြောကြားပြီး သင်တန်းကို ဆက်လက်ပို့ချပေးရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာသင်ယူကြသည်။


အဆိုပါသင်တန်းသို့ ကျောင်းသား ကျောင်းသူ (၂၅)ဦးတို့တက်ရောက်ကြပြီး အင်္ဂလိပ်စာ အခြေခံအသုံးအနှုန်းများ၊ အဓိပ္ပါယ်များ၊ အခြေခံအင်္ဂလိပ်စကားပြောခြင်းနှင့် ကလေးကဗျာများ တိုကို နှစ်ပတ်ကြာ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment